Friday, September 11, 2015

ခင်စောမူတို့အိမ်တွင် အိမ်သား(4)ယောက် ရှိ၏။ ခင်စောမူ၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်အေး၊ သူ၏ခင်ပွန်းဖြစ်သူ ဦးလေး ဦးဇော်မြင့်၊တူတော်မောင်တင်ခိုင်ဆိုသူနှင့် ခင်စောမူတို့အပါအဝင် အိမ်သား(4)ယောက်ရှိ၏။ဒေါ်သိန်းမှာမနက်လာ ညနေပြန်ဖြစ်၏။အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်အေးမှာ ခင်စောမူဖခင်၏ညီမ အငယ်ဆုံးဖြစ်ပြီး အမည်ရှေ့မှာ ဒေါ်တပ်ကာခေါ်နေရပေမဲ့ အသက် (35) နှစ်ခန့်သာရှိပြီး အသားဖြူဖြူလုံးကြီးပေါက်လှဖြစ်၏။ ဦးလေးဖြစ်သူ ဦးဇော်မြင့်မှာ အသက(်43)နှစ်ခန့်ရှိပြီဖြစ်ပြီး အသားလတ်လတ်၊ အရပ်မြင့်မြင့်၊ ကိုယ်လုံးတောင့်တောင့်နှင့် ရုပ်ရေမှာ သန့်သန့်ပြန့်ပြန့်ဖြစ်၏။ ခင်စောမူ(10)နှစ်သမီးလောက်တွင် ခင်စောမူ၏ မိဘနှစ်ပါးရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်သွားကြ၍ အဒေါ်နှင့်ဦးလေးဖြစ်သူတို့က ကလေးမရှိသဖြင့် ခင်စောမူကို ခေါ်ယူမွေးစားခဲ့ကြ၏။ ပြီးတော့ ပညာသင်ပေး၏။ ယခုခင်စောမူ အသက်(23)နှစ်ရှိပြီဖြစ်ပြီး ကွနပြူတာတက္ကသိုလ်မှ ကျောင်းပြီးကာ ဦးလေး၏ကုမ္မဏီတွင် ကွန်ပြူတာခန်း၌ အလုပ်ဝင်လုပ်နေခြင်းဖြစ်၏။ တူတော်မောင် တင်ခိုင်မှာ အသက(်25)နှစ်ရှိပြီးဖြစ်ပြီး လွန်ခဲ့သော(6)လလောက်က အဒေါ်ဖြစ်သ်ူခင်ခင်အေး အမျိုးများထံ အလည်သွားပြီး အပြန်တွင်ခေါ်လာခဲ့ခြင်းဖြစ်၏။ "ဒေါ်သိန်းရေ  ဒေါ်သိန်း"  ဧည့်ခန်းထဲတွင် သန့်ရှင်းရေးလုပ်နေသော ဒေါ်သိန်းတစ်ယောက် ကမန်းကတန်း အိမ်ရှေ့တံခါးကိုဖွင့်ကာ ထွက်လိုက်၏။